Thursday, August 29, 2013
မြည်း / မီး / မှီး နေသည်
ကျွန်မများရဲ့  အခွင့်အလမ်းဟာ လူ့ အဖွဲ့ အစည်းရဲ့  ချဲ့ထွင်မှုပရိုဂရမ်းမိန်း ။ ဂါဝန်လှလှ ကြွကြွ ရွရွ ။ ဒီကဗျာ ကျွန်မကိုကိုယ်လေးလက်ဝန်ဖြစ်စေတယ် ။ စက္ကူတွေ နံရံတိုင်းမှာ။ ဘယ်လိုလဲ ဘယ်လိုလဲ ကျွန်မကြိုးစားနေပါတယ် ။ မိသားစုဝင်ထဲမှာသူမသည် (ကြား)နာသူ ။ စိမ့်ဝင်ပျံ့နှံ့လွယ်တဲ့  ထူထောင်မှုအဆောက်အအုံကြီးထဲမှာ ပရိယာယ်ထဲမှာ ဇီဝကမ္မ/ကာမဆိုင်ရာဝိသေသတွေ အသိတရားအရှိတရားတွေ ။ အသက်ပေါ် အသက်ထပ်ထားတဲ့ အရင်းအနှီးဆို တာမျိုးက ။ နားပိုရှုပ်လာတယ် ။ ခေါင်းပိုကိုက်လာတယ် ။ အသံ တွေ ဟုတ်တယ် အဲဒီအသံတွေ ။ သွေးသံချွေးသံနဲ့  ငိုသံတွေပါ/လာတယ် ။ သားဦးလား ။ အရပ် ငါးပေငါးနော် ။ ဆီဇဲလ်ရီးယန်း ။ ပျို့ ချင်အန်ချင်တယ် ညှီ လိုက်တာ ။ မနာစေရပါဘူး။ အဟင်း ။ ကိုးလထဲမှာလား ။ အင်း ရတော့ရပါသေးတယ် ။ ဆင်လား မော်စီတုန်းလား ။ ရည်ညွှန်းမှုဟာ ဘယ်သူဖြစ်ဖြစ် ရုပ်လုံးကြွလာတဲ့ ပုံသဏ္ဌန်က အခေါင်းထဲက အမြုတေ ။ ပုပ်သိုးနေတဲ့  ဘေဘီသစ်သီးလေး ။ ကာကွယ်ဆေးတွေ စိတ်ချလို့ရ ရဲ့ လား ။ စမ်း သပ်ခံ ရုပ်နာမ် ။ သူ (တို့ ) မသိလည်း ဆိုတာမျိုး ။ရေဆူဆေးပြား ။ စ ဆုံး ။ ကျီ / ကျည် ဆန် /ဆံ လိုဘ၀မျိုး ။ နားပင်းနေတဲ့ ပါယာဆို ။ အကန့်လိုက် အခန်းလိုက် ဖြုတ်ချနေရတဲ့ မှတ်ဥာဏ်ထဲမှာ ဖန်ဆင်းမှုအတုချည့် ။ အက္ခရာချဲ့ထွင်ရေုးရပ်ဝန်းထဲမှာ သူမ ကိုယ်ဟန်ပြမေ ။ သွပ်ချာပါဒ ရောဂါသည်ကြီးရဲ့ မျက်ကြည်လွှာထဲမှာ ဗာဂျင် ။ အာဏာ စက် ။ သွေး သွန် /လွန် /လန့် / ဆိပ်တက် နေပြီ ။ စအိုပါလား မျက်လုံးပါလား ငိုလားဟေ့ ။ ကျွန်မကြောက်တဲ့ အရာထဲမှာ ၁၉၉၀ အရှေ့ ပိုင်းကာလရဲ့  သန်ချဆေးလိုဟာမျိုး လည်းပါတယ်ရှင် ။ ပစ္စတို ။ အဲဒီ နာရေးတိဗ်ပေါ့ ခူယားတစ်ကောင်လို ကျွန်မဂုတ်သားပေါ် တရွရွ တရွရွ ။ အိုး … ဖွဲမီး ။ မီး ။ ခေါင်ခိုက်ရှားပါးစွာ လွတ်လပ်ခြင်း/ခွင့် ။ ကော့ဒ်ရောင်း တရစ်နှစ်ရစ် ။ သွေးစသွေးန သွေးခဲ သွေးအိုင်။ အူ …… ၀ဲ ။ ကျဉ်းကျဉ်းကျပ်ကျပ် အသေအရှင်တွေကြား သောက် … ကိုလိုနီကလေး ။ ဖက်တွယ်ထားစရာ ကောက်ရိုးတမျှင်တလေ ။ အခု နောင်လာနောက်သားတို့ နာကျင်ခံစားနေရပြီ။ ဘယ်အရာမှအရေးမကြီးတော့ပါဘူးဆို ။ အမေ ။ သမိုင်း တလျှောက် တသီတတန်း ယန္တရားအရ ဒူးထောင်ပေါင်ကား အနုပညာ ။ အရဆို ကျွန်မများကြိုးစားကြည့်/ချင်ပါသေးတယ် ။
2:34am
6 /8/2013
Subscribe to:
Posts (Atom)