Thursday, December 26, 2013
မပြည့်တန်ဆာ
အဖြစ်က ဒီကျိန်စာ၌ အအိပ်လွန်သွားခဲ့ မိခြင်း အလုပ်အကိုင်
ကျနေတယ် အလုပ်အကိုင်
ကျနေတယ် အလုပ်အကိုင် ကျနေတယ်
လူထုပိုင်ဆိုင်မှု ဖြစ်ရခြင်းကို ဂုဏ်ယူတယ် ကျွန်မက သီးသန့် ပိုင် ဆိုတာမျိုးထက် အထက်ပါစာကြောင်းအတိုင်း
ဈေးကွက် သည်အရသာ ချောမွတ်မှုမှာ အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ်
တံဆိပ်တခုခုသာတပ်လိုက်ပါရှင်
နိုင်ငံတော်အဆင့်မှီတာပေါ့ရှင်
ရယ်မောသံတွေ ကျွန်တော့်လက်ထဲမှာ အရည်ပျော်ပျော်သွားရ
အစွယ်တငေါငေါ သွားရည်တမျှားမျှား
ကျွန်မပြုပြင်တည်ဆောက်ဖို့ ကြိုးစားနေတဲ့  ဒီ
ဘာသာစကား အဆောက်အဦးက သွေးနုသားနုနိုင်လွန်းတယ်
အချစ်မှာ နှေးကွေး ညင်သာခြင်းလည်း လိုအပ်တာပဲကွယ်
သိမှုထဲမှာ ရှိမှုထဲမှာ သိမှုထဲမှာ ရှိမှုထဲမှာ ဖျက်မလား မြှင့်မလား ကျွန်မယုံချင်ယောင်ဆောင်လိုက်တယ် ကျွန်တော်ကြားချင်ယောင်ဆောင်လိုက်တယ်
သူမ မဲ့ ပြုံးကလေးနဲ့  ခေါင်းမော့နေတယ်
ဖြေသိမ့်ခြင်း အနုပညာ သူမလိုအပ်နေပါတယ်
လက်မထပ်ရလျှင် ဘာအရေးလဲ
ညတိုင်း သူမလင်မယားဖြစ်နေရတာပဲ
ခင်ပွန်းမရခဲ့ လျှင် ဘာအရေးလဲ
သူမ ဆင်တွေအများကြီးရနေသားပဲ
မချစ်ရလျှင် ဘာအရေးလဲ
လူအများကြီးဆီကနေ ချစ်တယ်ဆိုတဲ့ စကားကို သူမ နေ့ တိုင်း ကြားခွင့် ရနေရသားပဲ
ဖြစ်နေကျမဟုတ်တဲ့  စီရင်ချက်တချို့ လိုချင်တယ်
သူမကိုလွတ်လပ်ပြီးအဆင့်အတန်းရှိတဲ့  တံတွေးခွက်ထဲ ပက်လက်ကလေးမျှောပစ်ချင်တယ် သူမကြားနာခွင့်ရသင့်ပြီ
လွတ်မြောက်ဖို့ မကြိုးစားတဲ့ ကဗျာ ဒါ
ဖြတ်တောက်မှု အဆောက်အဦကြီးထဲ .. ဟိုး … တွင်းဆုံးကျ
အသက်ရှင်နေသ၍ ဒါ သူမဘ၀ပါပဲ …
အရိုးရှင်းဆုံး နဲ့  အဆိတ်ငြိမ်ဆုံးပြဇာတ်တွေပါပဲ
လက်ထဲကဇလုတ်တွေ တောင်ကုန်းပေါ် ဟစ်ကြွေး
ပုခုံးပေါ်က အရိပ်အာဝါသတွေ နှုတ်ခမ်းတွေ ဆိုင်ခန်းပြတင်းအပြင်ဖက်ဆီ ငေးနေကြတယ်
ပြဿနာ ဆတစ်ရာ
ထောင်သောင်း ……. ရွက်လွှင့်ပါလေ …. ကျွန်မတို့  အလုံး
နိုင်ငံတော်အဆင့် မင်္ဂလာပွဲဆီကို
__Sharon __
11.12.13 __26.12.13
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment