Thursday, December 26, 2013

မိန်းမသွင်

ကျွန်မတွန်းဖွင့်လိုက်မိတဲ့ တံခါးတချပ်ဟာ(လှပ်)ထားပါ ရိုးသာဖြူစင်မှုတွေ အပ်ကြောင်းထပ်ခဲ့ပေမယ့် နာနာကျင်ကျင်ရယ်မောရတဲ့ရက်တွေ အတွက် တကယ်တော့လည်းကျေးဇူးတင်စရာ။လူ တိုင်း ပျော်ရွင်မှုအခိုက်အတန့်လေး တစ်ခုတစ်လေကိုပိုင်ဆိုင်ဖူးမှာပါ။ဒီလိုဆို ရင်(သား)သဏ္ဍာန် သပ်ချော့မှုမှာ အသာအယာမျော၊ ထိ တွေ့ မှုမှာ အမြင်နဲ့ အကြား ၊အသိနဲ့ သတိမှာ နွမ်းလျစွာ … ၊ရယ်သံအက်ရှရှတွေ ကျော ကော့နေအောင်ဆို့ နင့်ရတဲ့  ၀ိုးတ၀ါးတွေ၊ သူ့ ခေတ်မှာ ကဗျာအရာဟာ သူမကို ချော့မြူ..... အိပ်လို့ကောင်းတုန်းမှာတော့ ကျောချစရာနေရာတစ်နေရာစာဟာပင်လယ်ကြီးဖြစ်ရဲ့ ၊ မျက်စိသူငယ်နားသူငယ် တဒိုင်းဒိုင်း တဟားဟား နှုတ်သီးကောင်း ပါးနီ ကလေးမ ၊ အရထူးလို့ အရူးထသော မိန်းမ၊တော့်လှန်ဖို့ "ကျွန်မလျှာကောင်းရမယ်" ကဗျာတပုဒ်တရုတ်တန်းမှာဝက်ပေါင်ခြောက်ဖြစ်လို့နေစသဖြင့် စသဖြင့်.. ယုယလို့ ဘုထ စသဖြင့် စသဖြင့်.. ၊ ချွေးသီးချွေးပေါက်စိုနစ်နေတဲ့သံယောဇဉ်(သို့)ထမင်းတလုတ်လည်း ဖြစ်ချင်ဖြစ်မယ်။ ပါရမီဖြည့်ဖက်ဆိုတာသက်ရှိသတ္တ၀ါတစ်ကောင်ပဲ။ အကြိမ်ပေါင်းများစွာဦးညွတ်ပူဇော်မှုအတွက်...အလုံးစုံပလုံခဲ့။ ကျွန်မသည်သည်းလှိုက်စွာငိုကြွေးတတ်သောစက်ရုပ်တစ်ရုပ်ဖြစ်ပါသည်။ သောကကိုခံစားဖို့ဖြစ်လာတဲ့လူသားမိန်းမတစ်ယောက်ဖြစ်ချင်ဖြစ်မယ်။ အနာပေါင်းများစွာ အပ်ကြောင်းထပ်သွားသောအအက္ခရာသည် သိက္ခာ။ ချိန်ခွင်လျှာ ထဘီစ နိုင်ငံသားကဒ်ပြား ညမီးအိမ် ။ ခုတ်ဖြတ်ပါတော့ ဒီရေသောက်မြစ်ဟာတွယ်ငြိလို့ မကောင်းတော့ ။ လည်ချောင်းထဲမှာ ရင်ခေါင်းထဲမှာ လင်နဲ့ မယား ခြေလက်တွေ တွယ်တာစရာကဗျာတွေ ၊ ပျိုးခင်းတွေ ၊ ပွက်လောညံတဲ့ ပုစုခရုတွေ ခွာ တလှည့်ဆွဲကပ်ကြည့် ။ မင်းမသိသေးသ၍ အသက်များစွာ ရှုမျှော်ခင်းများစွာ အနွမ်းလေးပဲ ။ သက်ပြင်းတွေ အရုံတလှည့် ဆည်းဆာတလှည့် ။ စွန့် စားရတာတကယ့်ကိုရင်ခုန်စရာ ကောင်းပါသည်။ အပြင်းထန်ဆုံးဆန္ဒပြသူဟာလက်တဆုပ်စာအစာအိမ်လေလား။မဟုတ်ဘူးလို့မငြင်းလိုဘူး ။ ကျွန်မဟာ အတ္တသမလေးပါ ။ လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားမိတာ ညနေခင်းတချို့ တလေရဲ့ ချိုမြမှုတွေ ။ အရယ်လား အငိုလား ဇာတ်ဆရာဟာ ကံတရားတစ်ချို့ ကို ကျောက်ချရပ်ထားတယ် ။ နှလုံးသားတွေ အသိညာဏ်တွေ အငွေ့ မပျံခင်သေးခင် ခွန်အားစိုက်ထုတ်ဖို့အလိုအပ်ဆုံး ကြိုးဆွေးဟာ ကျွန်မ ။ ပြာ (မီးလောင်ခဲ့တဲ့အတိတ်)။အကြိမ်ပေါင်း မြောက်များစွာ အပြီး နောက်တကြိမ် ကျွန်မ ကျေးဇူးတင်လိုက်တယ် ။ မသယ်/သေ ရုံ ၊ မိန်းမ သွင်/တွေ /တွင် ။ အနည်းဆုံးတော့ ကျွန်မရှုံးခွင့်ရခဲ့ တယ် ။ sharon 11:11pm 18.10.2013

No comments: