အ မေ …
အမေ့ သမီး ရှင်သန်ခြင်း ခြင်ဆီ ငတ်နေတယ်
အမေ …
အမေ့ သမီး ရေနည်း ငါးလို ထွန့် ထွန့် လူးနေရတယ်
နှုတ်ခမ်းထက်ငြိတဲ့  ပေါ့ပ်
ရင်ဘတ် အနားစ ရောက် တော့ အက်စစ်
လိုစားတယ်
အချစ်ချိုချို
အချစ်ခါးခါး ကို သမီးသင်ယူနေမိတယ်
အကွေ့ များစွာ ဖြတ်ခဲ့ ပြီးတာတောင် ဒီဘာသာမှာ
အဖျားမကျ သေးဘူး အမေ…
မေတ္တာ ငတ် တယ်
အချစ် ငတ်တယ်
အလင်း အမှောင် တလှည့်စီ ပွန်းရှ
သွေး သား မှာ ကို က အရှိုးရာ ပွထ
ထိုက် ထိုက် တန်တန် ရရှိလိုက်တာ က
ကြိုးတန်းပေါ် က ညနေခင်းတချို့  တလေပေါ့
ဘယ်ဘက် ရင်အုံ နွေး မှာသာ အသေအပျောက် များ ခဲ့ တယ် အမေ ….
အခု ဆို ပျောက်ရှ တာတွေ က များများလာတော့
မြစ် တွေ အကြောင်း သိမြင် နေတတ်ပြီ
ခါးလွန်းတယ် အမေ ရယ်
ခံ လို့ ကောင်းရုံ အနာဂတ် ကို ယိုးမယ်ဖွဲ့  လိုက်ရတော့မလားးး
ညတွေ တိုင်းမှာ
ဆူးတွေ စူးလွန်းတယ်
အမေ …
သမီးလေ
ဆက်ထုံး ကင်း ချင် လို့ 
ခဏခဏ ကိုင်ပေါက်ခံရတာတောင်
ဒဏ်ရာ တွေ ကို ရိုးမြေကျ စိုစွတ် ပစ် နေမိတာ ….
အမေ ……..
အမေ့  သမီး ခြင်ဆီ ငတ် … နေ …. ရ ..တယ် ……
ရှာရွန်
2.4 .2012 10 : 41 pm
နှုတ်ခမ်းထက်ငြိတဲ့  ပေါ့ပ်
ရင်ဘတ် အနားစ ရောက် တော့ အက်စစ်
လိုစားတယ်
အချစ်ချိုချို
အချစ်ခါးခါး ကို သမီးသင်ယူနေမိတယ်
အကွေ့ များစွာ ဖြတ်ခဲ့ ပြီးတာတောင် ဒီဘာသာမှာ
အဖျားမကျ သေးဘူး အမေ…
မေတ္တာ ငတ် တယ်
အချစ် ငတ်တယ်
အလင်း အမှောင် တလှည့်စီ ပွန်းရှ
သွေး သား မှာ ကို က အရှိုးရာ ပွထ
ထိုက် ထိုက် တန်တန် ရရှိလိုက်တာ က
ကြိုးတန်းပေါ် က ညနေခင်းတချို့  တလေပေါ့
ဘယ်ဘက် ရင်အုံ နွေး မှာသာ အသေအပျောက် များ ခဲ့ တယ် အမေ ….
အခု ဆို ပျောက်ရှ တာတွေ က များများလာတော့
မြစ် တွေ အကြောင်း သိမြင် နေတတ်ပြီ
ခါးလွန်းတယ် အမေ ရယ်
ခံ လို့ ကောင်းရုံ အနာဂတ် ကို ယိုးမယ်ဖွဲ့  လိုက်ရတော့မလားးး
ညတွေ တိုင်းမှာ
ဆူးတွေ စူးလွန်းတယ်
အမေ …
သမီးလေ
ဆက်ထုံး ကင်း ချင် လို့ 
ခဏခဏ ကိုင်ပေါက်ခံရတာတောင်
ဒဏ်ရာ တွေ ကို ရိုးမြေကျ စိုစွတ် ပစ် နေမိတာ ….
အမေ ……..
အမေ့  သမီး ခြင်ဆီ ငတ် … နေ …. ရ ..တယ် ……
No comments:
Post a Comment