စာမျက်နှာတွေတိုင်းမှာတိမ်ထူထပ်နေပါတယ်
မျှော်လင့် ခြင်းကသီးကင်းမှာပဲကြွေသွားပြီပဲ
မြို့ပြဇာတ်လမ်းတဲ့ လား
တကယ်တော့
ရိုးရိုးကကြိုးလေးတစ်ပုဒ်ပဲတင်ဆက်ခဲ့ တာပါ
တောင်းရိုးတွေကဝေဖန်ပြစ်တင်သံတွေဖုံးလွှမ်းနေခဲ့ ပြီ
အိပ်မက်ကိုအိပ်မက်အဖြစ်ပဲထားထားရတော့မလား
ဒီအတွက်
ငါကသာအရောင်ရင့် ခဲ့ ရတယ်
ဘဝစာမျက်နှာမှာ
အမေ့ခံ
ရူးချင်ယောင်ဆောင်နေတာ
နောက်ကျောဓားနဲ့ ထိုးတတ်သူတွေကြောင့် ပါ
မှတ်ဥာဏ်ထဲက ကလေးမလေးက ရိုးသားပါတယ်
မာနတွေ
ဒီလိုနဲ့ ပဲ
ငါ့ ကျစ်ဆံမြီးလေးဖြည်းဖြည်းရှည်လာခဲ့ ပြီ
ခါးတယ်
ခါးလွန်းပါတယ်
ဘဝကိုအစာအိမ်အဖြစ်ပြောင်းမိတာလဲအခါခါ
ပွဲသာပြီးသွားတယ်
ယဉ်ကျေးမှု ခေါင်းစဉ်ကချိုမြမှုတွေမဲ့ နေဆဲ
ပညတ်သဘောသာမဟုတ်ရင်
ငါ့ ကဗျာ…..လှပပါတော့မလား
ပြန်ရစ်လို့ မရတော့တဲ့ ဇာတ်လမ်းလေးထဲမှာ
ချစ်စရာ..အိမ်ပြေးမလေးတစ်ယောက်
အထီးကျန်ခြင်းလမ်းခွလေးမှာ
ခပ်ပါးပါးလေး..ရယ်နေခဲ့ တယ်..
sharon
22.9.2011 11:08 pm
No comments:
Post a Comment