Sunday, October 21, 2012

ရေ့  ရေ ရေး


တ၀ုန်းဝုန်း ရွာချ သံ
ရေသန့် တွေ  ဗူး နဲ့ 
သန့် ပြီး ( ထင်ရတဲ့  ) ဗူးတွေ
ပြီး ...
နို့ ရော
ကော်ဖီရော
အရက်ရော
ချိုရည်ပြင်းပျော့ ရော
ညဏ်နီ ညဏ်နက်ရော
သိက္ခာတွေ ရော
မျက်ရည်တွေရော
အို...
ရော
ရောတတ်နေလိုက်ကြတာ

ကမ္ဘာက ကမ္ဘာမှု ပြုလာခြင်းကြောင့်
သူဟာ
ကျုံ့ ကျုံ့  ကလေး  ပုံ ပုံ့ ကလေး

သိုးဖြူဖြူလေးတစ်ကောင်
( ရေသန့် ) ဗူးလေးတစ်ကိုင်ကိုင် နဲ့ 
သူ
ဘာမှ မရောဖို့ 
သူ .........  ။




 p.s  >>  ကလေးဖြူဖြူ အတွက် ရည်ရွယ်ရော


                                                                                               October 21, 2012 at 11:06pm

No comments: