ရာသီစက်ဝန်းလည်ပတ်မှုသည် မြန်ဆန်လွန်းလှသည် ဟူ၍သာ
ခဏတာခွဲခွာခဲ့ ကြရတာ ရာသီနှစ်ခုစာအိုခဲ့ ပြီ စင်
ခရစ်တော်၌အိပ်ပျော်ခြင်း
စင်
၁၉ နှစ်
အဖော်မဲ့ အထီးကျန်ခြင်း
ကြောက်ရွံ့ စိုးထိတ်ခြင်းတွေ အတိနဲ့ ရှင်သန်ခဲ့ရတဲ့ နေ့ တွေ လွန်သွားခဲ့ ပြီနော်
အေးအေးချမ်းချမ်းအိပ်ပျော်နေခဲ့ ပြီ
လက်ဝါးကားတိုင်စိုက်ရာမြေပုံလေးတောင် ခုတော့ မြက်ပင်ကလေးထူထူ
ဒီရက်တွေမတိုင်ခင် ညနေရီမှာ
အစားကိုအားပါးတရ ရယ်မောစားသောက်နေခဲ့တာ
ကောင်းကင်တမန်ပုံနဲ့ စက္ကူလေးတွေနံရံပေါ် သပ်သပ်ရပ်ရပ် ကပ်နေခဲ့ တာ
ဒီကမ္ဘာမှာအသက်ရှင်ဖို့  အချိန်မကျန်တော့ဘူးဆိုတာသိနေခဲ့ လို့  မဟုတ်မှန်း
စင်ဟာ အလင်းတန်းငြိမ်တဲ့ မီးအိမ်တစ်လုံးမဟုတ်ဘူး
ဆားတစ်ပွင့်မဟုတ်ခဲ့ ဘူး
အုတ်တစ်ချပ် သဲတစ်ပွင့်လည်းမဟုတ်ဘူး
လောကကြီးကိုဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့  မစင်လိုအ၀တ် တစ်ထည် လို့ ပြောခဲ့ တယ်နော်
တကယ်တော့ စင်ဟာ
အိမ်ပြန်ဖို့ အသင့်ဖြစ်နေခဲ့ တဲ့  စိတ်ဓာတ်ကြံ့ခိုင်လွန်းတဲ့  သူရဲကောင်းပါစင်
မမြင်ရတဲ့ လူ့ ဘ၀ဟာကွက် ကိုချင့်ချိန်နိုင်တဲ့ တည်ငြိမ်မှု
ရုန်းရင်း လုပ်ရင်း ဘာများပျောက်ဆုံးနေပါလိမ့်ဆိုပြီးပြန်လည်ရှာဖွေတတ်တဲ့ အသိ
အတွေ့ အကြုံ ခံစားမှုကိုစင့်ဆီကရခဲ့ တယ်
စမ်းချောင်းလေးဘေးမှာရပ်ရင်း
" ငါ့ဆီလာပါ ၊ ငါ့မှာအဖြရှိတယ် ၊ အေးချမ်းစေမယ်လို့ ပြောနေသလိုပဲ "
လို့ စင်ပြောတဲ့ စမ်းချောင်းလေး ခုတကယ်ခမ်းခြောက်နေခဲ့ ပြီ ။
ဘာမှမမြဲပါဘူးစင် အားလုံးဟာ ဆီလျော်စွာသရုပ်ဆောင်နေကြရတာ ။
အားလုံးကိုအလိုရှိတဲ့ အိမ်ဆီကို တစ်နေ့ ပေါ့ ။
နှလုံးသား ၀ိညာဉ်တွေရဲ့  အိမ်ဆီ ။
ခဏတော့ ကျောခိုင်းခဲ့ ဦးမယ်နော် .. စင်
ခန္ဓာလှပြီး စိတ်မမွှေးတဲ့ လူ့ စက္ကူပန်းတွေ ( ဥပေက္ခာ အပါအ၀င် ) နဲ့ 
အသက်ရှင်နေသ၍ မျက်နှာချင်းတွေဆိုင်ဆိုင်ပြီး ......
မောဟတွေစနစ်တကျထုပ်ပိုးထားလို့  အမှန်တရား ဆက်သွယ်မှုကြား ကိုယ့်ပစ်မှတ်မှာ ကိုယ်တိုင်သားကောင်မဖြစ်အောင် ဆင်ခြင်သင်ယူရင်း
ကြားဖူးနားဝခဲ့ တဲ့ စကားတစ်ခုက ဒီလို
အချိန်တန် အိမ်ပြန်ရစမြဲ ...တဲ့ 
အချိန်တန်လို့ ပြန်ရမယ့်အိမ်ကို အဆင်သင့်ဦးတည်ဖို့  ဆောက်တည်ရင်း
ခု ....... ထိ
တယ်လီဖုန်းသံတချို့ တလေ ရဲ့ 
စင်ရှိလား .... အသံတွေကို တည်တည်ငြိမ်ငြိမ် ပြန်ဖြေနိုင်ဖို့  ကြိုးစားရင်း
ရာသီစက်ဝန်းလည်ပတ်တာ သိပ်မြန်လွန်းတယ်...စင်
ဒါ .... ပျော်ရွှင်စရာနေ့ မဟုတ်ခဲ့ ဘူး ပေမယ့်
ပျော်ရွှင်စရာအချိန်တွေကို ခေတ္တတွေးမိ ခေတ္တပျော်မိတယ်
သို့ သော် ထိုအချိန်သည်တိုသည် တိုလွန်းသည်
စင် ... ဆိုတာအတိတ် ဖြစ်ခဲ့ ပြီ
အတိတ် ဆိုတာ ကျန်ခဲ့ ရစမြဲ
စင်ဟာအတိတ်နဲ့ အတူ အတိတ် မှာကျန်ခဲ့ လေတော့မယ်
ဒါပေမယ့်
စင် ရယ် .......... ။
အမှတ်ရသင့်တဲ့ လူသားတစ်ယောက်ကို အမြဲသတိရနေမှာမို့ 
" သေသော သူကြာလျှင် မမေ့ " ပါရစေ ။
p.s >> စင် ....... သို့ မနေ့ တစ်နေ့  မှ ...... ထာဝရ ......သို့  ...... ရည်
sharon
2:48pm
24/10/2012
No comments:
Post a Comment