အိပ်စက်ခြင်းကိုဖျက်ဆီး၍ ထိုအချိန် လုံးလုံးလျားလျားလိုက်လျောလိုမှု
ပြီး…. သီချင်းသီရန် ဆာငတ်သံတွေ ကျယ်လာပြီ
ကျန်တယ်ဆိုရုံ အလွမ်းကြွင်းတယ် အချစ်ရယ်
ဒါတောင် .. ကိုယ် က ကံကောင်းလွန်းတဲ့ အချစ် ကိုလက်ဝယ်ရရှိထားတာ
အောက်မေ့တယ် အောက်မေ့လွန်းတယ် အချစ်ရယ်
ပြီး…. သီချင်းသီရန် ဆာငတ်သံတွေ ကျယ်လာပြီ
ကျန်တယ်ဆိုရုံ အလွမ်းကြွင်းတယ် အချစ်ရယ်
ဒါတောင် .. ကိုယ် က ကံကောင်းလွန်းတဲ့ အချစ် ကိုလက်ဝယ်ရရှိထားတာ
အောက်မေ့တယ် အောက်မေ့လွန်းတယ် အချစ်ရယ်
လွမ်းတယ်လွမ်းရလွန်းတယ် အချစ်ရယ်
မြက်ရိုင်းပန်းတွေက မြေဆီလွှာကြီးကိုငတ်သလို
ကိုယ်ဟာမင်းရဲ့ အချစ်တွေ ကို ငတ်တယ်
နွမ်းနယ်မှု က အိပ်စက်ခြင်းကိုတမ်းမွတ်သလို
နွမ်းနယ်မှု က အိပ်စက်ခြင်းကိုတမ်းမွတ်သလို
ကိုယ်ဟာ မင်းဆီက နှစ်သိမ့် မှု ကိုတမ်းမွတ်တယ်
ပင်လယ်ပြင်ဟာ မြစ်တို့ ၏စီးဆင်းမှုကိုမျှော်လင့်ရသလို ကိုယ်ဟာမင်းရဲ့ ရဲရင့်ခြင်းတွေမျှော်လင့်မိတယ်
ပန်းပွင့်တွေဝတ်မှုန်ကူးဖို့ ပိတုန်းလိပ်ပြာငံ့လင့်သလို
ပင်လယ်ပြင်ဟာ မြစ်တို့ ၏စီးဆင်းမှုကိုမျှော်လင့်ရသလို ကိုယ်ဟာမင်းရဲ့ ရဲရင့်ခြင်းတွေမျှော်လင့်မိတယ်
ပန်းပွင့်တွေဝတ်မှုန်ကူးဖို့ ပိတုန်းလိပ်ပြာငံ့လင့်သလို
ကိုယ်ဟာမင်းရဲ့ ချွေးသိပ်မှု ကိုငံ့လင့်မိတယ်
သစ်ခက်သစ်ရွက်တွေက ရေသောက်မြစ်ကို မှီခိုလိုသလို
သစ်ခက်သစ်ရွက်တွေက ရေသောက်မြစ်ကို မှီခိုလိုသလို
ကိုယ်ဟာမင်း ရဲ့ ဖြစ်တည်မှုပေါ်မှီတည်ချင်မိတယ်
ပန်းပွင့်တွေနေရောင်ငတ်သလို ကိုယ်ကမင်းရှင်သန်မှုကိုဖက်တွယ်လိုစိတ်ငတ်လာတယ်
လူမမည်ကလေးလေးတွေ မိခင်၏ စောင့်ရှောက်မှုလိုသလို
ကိုယ်ဟာမင်းရဲ့ ကာကွယ်စောင့်ရှောက်မှုကိုလိုအပ်လာတယ်
တွယ်နှောင်လိုမှု
တိမ်းညွတ်လိုမှု
ချိနဲ့ အားအင်တွေကိုမြမြသွေးလို့ 
မြှားတစ်ချောင်းလို သံသယနွံ
သူပစ်လွှတ်ရာအရပ်
ကိုယ့်မျှော်လင့်ရာရပ်ဝန်း
အချစ်ရေ
ဆန္ဒတွေကိုထုပ်ပိုးခွင့်ပေးပါ
တမ်းတမ်းတတ… တမ်း….
ကိုယ့်စီးဆင်းမှုတွေတိုင်းက သူ့ငြီးငွေ့ ခြင်းဖြစ်စေခဲ မိ သလား
နောင်တတွေမဆုံးတော့ဘူး အေးစက်လွန်းသူနှင်းစက်ဖြူ
ကိုယ့်မငိုချင်ဘူးအချစ်ရယ်
ကိုယ်မငိုရက်တာပါ အချစ်ရယ်
ကိုယ့်ဘ၀တစ်ခုလုံးကို မင်းရင်ဘတ်တစ်နေရာမှာကျောက်ချထားတာပါအချစ်ရယ်
ခေတ္တခဏဝေးတဲ့ ညတွေ ရှည်တာလွန်းတယ်
အရိပ်ကွာတဲ့ နေ့ တွေ ပူလောင်လွန်းတယ်
အချစ်ရေ
သိပ်ချစ်ရပါတယ်
တကယ်လို့ 
မင်းသာဆန္ဒရှိရင်
ကံကြမ္မာရဲ့ အဆိုးအကောင်းကိုကိုယ်တိုရွေ့း ကြ ပြီး
ကံကြမ္မာရဲ့  အသီးအပွင့်ကောင်းခြင်းဆိုးခြင်းတွေခူးဆွတ်ကြမလား
ကိုယ်ကတော့ဆုံးဖြတ်ထားပါတယ်
ရနံ့ ထုံ တဲ့ ပန်းခင်းလမ်း တော့ မဟုတ်ဘူးပေါ့အချစ်ရယ်
အချစ်တွေနဲ့ တည်ဆောက်မယ့်အိမ်မှာ အခက်အခဲတွေကြုံလာရင် ကြံကြံခံ
အချစ်စိတ်တွေနဲ့ မွမ်းတဲ့ အိမ်မှာမင်းနဲ့  အတူတူနေသွားချင်ပါတယ်
ဒါ …. ကိုယ့်ဆန္ဒပါအချစ်ရယ်
.......... sharon ...........

No comments:
Post a Comment