“အကယ်၍ဖြစ်နိုင်သည် ဆိုပါလျှင် သူ့ကိုဖက်ရုံကလေးသာ ဖက်ထားချင်ပါသည်။”
ထို အဖွင့်စာသားသည် ဆရာဇော်၏ကတ္တိပါလွမ်းချင်း ဟူသော အရေးအသားမှ
အဖွင့်စာသားလည်း ဖြစ်သလို ယခု ကျွန်တော့်အရေးအသား၏ အဖွင့်စာသားလည်း
ဖြစ်နေခဲ့ပါသည် ။
ဟုတ်ကဲ့ ၊ ဖြစ်နိုင်မည် ဆိုပါလျှင် သူမကို ကျွန်တော့်ရင်ခွင်ထဲ ထွေးပွေ့ထားချင်ဖူးပါသည် ။ “ထွေးပွေ့ထားချင်ဖူးပါသည်” ဆိုသည်မှာ အလွန်ကြာမြင့်ခဲ့ပြီးသော အတိတ်ကို ဆိုလိုပြီး “ထွေးပွေ့ထားဖူးပါသည်” ဆိုသည်မှာ သိပ်မကြာမြင့်သေးသော အတိတ်ကို ဆိုလိုပါသည် ။
ဟုတ်ကဲ့ ၊ သူမကို ကျွန်တော့်ရင်ခွင်ထဲ ထွေးပွေ့ထားဖူးပါသည် ။ သိပ်မကြာတော့မည့် အနာဂတ် တစ်ချိန်ချိန်တိုင်းတွင်လည်း သူမကို ကျွန်တော့်ရင်ခွင်ထဲ ထွေးပွေ့ထားဦးမည်သာ ဖြစ်ပါသည် ။
သူမကို ကျွန်တော်သိပ်ချစ်ရပါသည် ၊ သူမကို ကျွန်တော်သိပ်ချစ်ရကြောင်း ကျွန်တော်သိပါသည် ၊ သူမကို ကျွန်တော်သိပ်ချစ်ရကြောင်း သူမ သိပါသည် ၊သိစေချင်ပါသည် ။
လူသားနှစ်ဦး တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြကြောင်း သိကြရန်သည် အလွန်အရေးကြီးကြောင်း ကျွန်တော်တို့ နှစ်ယောက်တဖြည်းဖြည်း သိလာကြခြင်း ဖြစ်ပါသည် ။
ကျွန်တော်တို့ကဲ့သို့ သိရှိသွားသော အခြားသူများလည်း ရှိကောင်းရှိပါလိမ့်မည် ။
တစ်ခုခုပြောဖို့ ကျန်သေးသည်ဟု သူမက ပြောလာလျှင်
“သူမ ကျွန်တော်ကိုသိပ်ချစ်ကြောင်း ကျွန်တော်သိသည်” ဟု ပြောရန်ဖြစ်ကြောင်း ကျွန်တော်သိပါသည် ။
အတိုချုံးပြောရမည် ဆိုပါလျှင် ရိုးရိုးလေးသာ “ ကျွန်တော်တို့ သိပ်ချစ်ကြပါသည်။ ”
သူမအနားတွင် ကျွန်တော်အမြဲလိုရှိနေချင်ေ သာ ဆန္ဒသည် သူမကို ချစ်ခြင်းအကြောင်းတစ်ခု ဖြစ်သည် ။
ချစ်ခြင်း အကြောင်းတစ်ခုဟု ဆိုရာတွင်
“အကြောင်းပြချက်” လား ၊
“ချစ်ခြင်းသက်သေအကြောင်း” လား
ကျွန်တော်သေချာမသိပါ ၊
ကျွန်တော် သူမကိုချစ်သည်
၊ထို့အတွက် သူမအနားတွင် ရှိနေချင်သည် ၊
အလွန်ပင် ရိုးစင်းလှပါသည် ။
ကျွန်တော်သည် ထိုကဲ့သို့ ခမ်းနားမှုမရှိပဲ သူမအပေါ် ရိုးစင်းစွာချစ်နေမိပါသည် ။
သူမ၏ နှုတ်ခမ်းလေးများသည် အစဉ်ခြောက်သွေ့နေတက်သော်လည်း ကျွန်တော့်နှုတ်ခမ်းများနှင့်
ထိတွေ့ပြီးတိုင်း (ဤနေရာတွင် သူမရေးပေးဖူးသော ကဗျာစာသားလေး
“လမ်းလျှောက်တက်တဲ့ နှုတ်ခမ်းတစ်လွှာကို မ၀ံမရဲတိုးမိတဲ့ ရေစီးလေးက
လွမ်းတယ်” ကို အမှတ်တမဲ့ ငေးမိပြန်ကြောင်း) ရွှမ်းစိုလန်းဆန်းကာ ကမ္ဘာပေါ်တွင်
အလှပဆုံး နှုတ်ခမ်းလွှာလေး ဖြစ်သွားတက်ကြောင်း ၊
သူမ မျက်နှာလေးနှင့် လိုက်ဖက်ညီစွာ ဖူးပွင့်လာတက်ကြောင်း သူမ သိမည် မဟုတ်ပါ ။
အခါအခွင့် သင့်မည်ဆိုပါက သူမကို ကျွန်တော့်ရင်ခွင်ထဲ ငြိမ်ငြိမ်ထိုင်စေပြီး ထိုနှုတ်ခမ်းလေးများ အလွန်လှကြောင်း ပြောပြရပါဦးမည် ။
သူမသည် တစ်ခါတစ်ရံ ကျွန်တော့်ဆီသို့ ဒေါသတကြီး လျှောက်လာတက်ပြီး ၊ တစ်ခါတစ်ရံ သိမ်မွေ့ညင်သာစွာ ရောက်ရှိလာတက်ပါသည် ။ သူမ ဒေါသတကြီး ဖြစ်နေချိန်တွင် ကျွန်တော်သည် သူမအပေါ် စိုးရိမ်တကြီး ချစ်နေရပြီး ၊ သူမ သိမ်မွေ့ချွဲ့နွဲ့နေချိန်တွ င် ကျွန်တော်သည် သူမအပေါ် နူးညံ့ကြည်မွေ့စွာ ချစ်နေတက်ပါသည် ။
တစ်ခါတစ်ရံ
ကျွန်တော်သည် ကိုယ့်နှုတ်ခမ်းကို ကိုယ်ကိုက်ကာ ကိုယ့်မာနကိုဇွတ်အတင်း သိုသိပ် သူမကို ခပ်ငေးငေးလေး ချစ်နေရချိန်များလည်း ရှိကြောင်း ၀န်ခံချင်ပါသည် ။
ဟုတ်ပါသည် ၊
"အချစ်ဆိုသောအရာတွင် ကိုယ့်အတ္တကို ထိန်းသိမ်းမြေမြုပ် သူ့အတ္တကို လိုက်လျောပေးလိုက်ရတက်သော အကြောင်းအရာတစ်ချို့ ရှိကြောင်း "သူမနှင့် ချစ်ခဲ့ပြီးမှ ကျွန်တော် အံ့သြတကြီး သိခဲ့ရပြန်ပါသည် ။
သူမ အပြောများသော စကားလုံးများမှာ “မောင့်ကို ချစ်တာသိလား” နှင့် “မောင်က ဘာလို့ချစ်တာလည်း” ဟူသော စကားလုံးလေးများ ဖြစ်မည်ဟု ထင်ပါသည် ။
ဟုတ်ပါသည် ၊ သူမသည် ကျွန်တော့်ကို “မောင်” ဟု ခေါ်တက်ကြောင်း မပြောပြရသေးပါ ၊ သူမက ကျွန်တော့်အတွက် မြတ်နိုးစွာ ချီးမြှင့်ပေးသော နာမ်စားလေးမှာ “မောင်” ဟုတ် ဖြစ်ပါသည် ။
ထိုနာမ်စားလေးကို သူမနှုတ်မှ ထွက်ချိန်တိုင်း ကျွန်တော့်အတွက် ချိမြလှပြီး “မောင့်ကိုချစ်တယ်” ဟူသော စကားစုလေးသည် ကျွန်တော့်ဘ၀ နေ့စဉ်လိုအပ်ချက် ဖြစ်ကြောင်း သူ့ကို ပြောပြဖူးပါသည် ။
သူမက “မောင့်ကို ချစ်တာသိလား” ဟု မေးသောအခါ ကျွန်တော့်အဖြေမှာ “သိတယ်” ဟု ဖြစ်ပြီး
“မောင်က ဘာလို့ချစ်တာလည်း” ဟု မေးသောအခါ ကျွန်တော့်အဖြေမှာ “မသိဘူးလေ” ဟူ၍ ဖြစ်နေခဲ့ပါသည် ။
ကျွန်တော်သည် “သိတယ်၊မသိဘူး” နှစ်လုံးသာ ဖြေတက်သူမဟုတ်ပါ ။ ကျွန်တော့ကို သူမချစ်ကြောင်း ကျွန်တော်သေချာသိသော်လည်း ၊ ကျွန်တော်သူမကို ဘာကြောင့်ချစ်နေမိမှန်း လုံးဝမသိပါ ။
သို့သော် သူမကို ကျွန်တော်ချစ်နေမိကြောင်းကိုတော့ ကျွန်တော်သေချာ သိနေပြန်ပါသည် ။
သူမကို ကျွန်တော်က “မောင့်ကို ဘာလို့ချစ်တာလည်း” ဟု မေးသောအခါတိုင်း သူမအဖြေသည်လည်း “မသိဘူးလေ” ဟု ဖြစ်ကြောင်း သိရလျှင် အချို့လူများအတွက် အထူးအဆန်းဖြစ်နေမည်လား ကျွန်တော်မတွေးတက်ပါ ။
ကျွန်တော်သူမကို လွမ်းနေရပါသည် ။
သူမအတွက် ပုံပြင်ဖတ်ပြပေးရသော ညအချို.၊ ကျွန်တော့်လက်ကို မ၀ံ့မရဲ ဆုပ်ကိုင်၍ လျှောက်သွားကြစဉ် ခဏငယ်များ ၊ ကျွန်တော်တယုတယသုတ်ပေးခဲ့ဖူးသော သူ့မျက်ရည်စများ ကျွန်တော့လက်တွင် စိုစွတ်ဆဲရှိပါသေးသည် ။
ကျွန်တော် လွမ်းလှပါသည် ၊
သူမလည်တိုင်မှ မှဲ့သေးသေးလေးသည် ကျွန်တော်ဖြစ်ကြောင်း မှန်ကြည့်တိုင်း သူမသိပါလိမ့်မည် ၊
ထိုထပ်ပိုပါလျှင် သူမသွေးကြောလေးများ တထုတ်ထုတ် တိုးတိုင်း သိပါလိမ့်မည် ၊
သူမ၏ မနက်ခင်းအတော်များများတွင် ခေါင်းငုံ့ပေးခွင့်ရသူမှာ ကျွန်တော်တစ်ဦးတည်းဖြစ်ကြောင်း ကျွန်တော်သိပါသည် ၊ ကျွန်တော်လွမ်းနေမိ ပြန်ပါသည် ၊
သူမ၏ မျက်လုံးလေးများ မှိန်ဖျော့နေတက်သော်လည်း ကျွန်တော့်ကို သူမသည် နူးညံကြည်လဲ့စွာ ငေးနေတက်ကြောင်း ကျွန်တော်တို့နှစ်ယောက်သာ သိပါသည် ။
အခြားသူများ သိရန်မလိုပါ ၊ ကျွန်တော်သူမကို လွမ်းနေရကြောင်း သူမသိလျှင် ကျွန်တော်တိတ်တိတ်ကျိတ်ကာ ပျော်မိပါသည် ။
သူမ၏ ချွဲ့နွဲ့သံလေးကို ကျွန်တော်ကြားလိုလှပြီ ဖြစ်သည်။
သူမ၏ ငှက်ကလေးများ ကောင်းမွန်စွာ ရှင်သန်နေကြောင်း.....
သူမ၏ အခန်းထောင့်တွင် ကျွန်တော်အမြဲလို ခိုကပ်ရှိနေတက်ပါကြောင်း...
သူမ၏ အခန်းကျဉ်းလေးထဲတွင်
ကျွန်တော်တစ်ယောက်တည်း ငေးနေမိပြန်ကြောင်း .......
ဟုတ်ကဲ့ ၊ ဖြစ်နိုင်မည် ဆိုပါလျှင် သူမကို ကျွန်တော့်ရင်ခွင်ထဲ ထွေးပွေ့ထားချင်ဖူးပါသည် ။ “ထွေးပွေ့ထားချင်ဖူးပါသည်” ဆိုသည်မှာ အလွန်ကြာမြင့်ခဲ့ပြီးသော အတိတ်ကို ဆိုလိုပြီး “ထွေးပွေ့ထားဖူးပါသည်” ဆိုသည်မှာ သိပ်မကြာမြင့်သေးသော အတိတ်ကို ဆိုလိုပါသည် ။
ဟုတ်ကဲ့ ၊ သူမကို ကျွန်တော့်ရင်ခွင်ထဲ ထွေးပွေ့ထားဖူးပါသည် ။ သိပ်မကြာတော့မည့် အနာဂတ် တစ်ချိန်ချိန်တိုင်းတွင်လည်
သူမကို ကျွန်တော်သိပ်ချစ်ရပါသည် ၊ သူမကို ကျွန်တော်သိပ်ချစ်ရကြောင်း ကျွန်တော်သိပါသည် ၊ သူမကို ကျွန်တော်သိပ်ချစ်ရကြောင်း သူမ သိပါသည် ၊သိစေချင်ပါသည် ။
လူသားနှစ်ဦး တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြကြောင်း သိကြရန်သည် အလွန်အရေးကြီးကြောင်း ကျွန်တော်တို့ နှစ်ယောက်တဖြည်းဖြည်း သိလာကြခြင်း ဖြစ်ပါသည် ။
ကျွန်တော်တို့ကဲ့သို့ သိရှိသွားသော အခြားသူများလည်း ရှိကောင်းရှိပါလိမ့်မည် ။
တစ်ခုခုပြောဖို့ ကျန်သေးသည်ဟု သူမက ပြောလာလျှင်
“သူမ ကျွန်တော်ကိုသိပ်ချစ်ကြောင်
အတိုချုံးပြောရမည် ဆိုပါလျှင် ရိုးရိုးလေးသာ “ ကျွန်တော်တို့ သိပ်ချစ်ကြပါသည်။ ”
သူမအနားတွင် ကျွန်တော်အမြဲလိုရှိနေချင်ေ
ချစ်ခြင်း အကြောင်းတစ်ခုဟု ဆိုရာတွင်
“အကြောင်းပြချက်” လား ၊
“ချစ်ခြင်းသက်သေအကြောင်း” လား
ကျွန်တော်သေချာမသိပါ ၊
ကျွန်တော် သူမကိုချစ်သည်
၊ထို့အတွက် သူမအနားတွင် ရှိနေချင်သည် ၊
အလွန်ပင် ရိုးစင်းလှပါသည် ။
ကျွန်တော်သည် ထိုကဲ့သို့ ခမ်းနားမှုမရှိပဲ သူမအပေါ် ရိုးစင်းစွာချစ်နေမိပါသည် ။
သူမ၏ နှုတ်ခမ်းလေးများသည် အစဉ်ခြောက်သွေ့နေတက်သော်လည်
သူမ မျက်နှာလေးနှင့် လိုက်ဖက်ညီစွာ ဖူးပွင့်လာတက်ကြောင်း သူမ သိမည် မဟုတ်ပါ ။
အခါအခွင့် သင့်မည်ဆိုပါက သူမကို ကျွန်တော့်ရင်ခွင်ထဲ ငြိမ်ငြိမ်ထိုင်စေပြီး ထိုနှုတ်ခမ်းလေးများ အလွန်လှကြောင်း ပြောပြရပါဦးမည် ။
သူမသည် တစ်ခါတစ်ရံ ကျွန်တော့်ဆီသို့ ဒေါသတကြီး လျှောက်လာတက်ပြီး ၊ တစ်ခါတစ်ရံ သိမ်မွေ့ညင်သာစွာ ရောက်ရှိလာတက်ပါသည် ။ သူမ ဒေါသတကြီး ဖြစ်နေချိန်တွင် ကျွန်တော်သည် သူမအပေါ် စိုးရိမ်တကြီး ချစ်နေရပြီး ၊ သူမ သိမ်မွေ့ချွဲ့နွဲ့နေချိန်တွ
တစ်ခါတစ်ရံ
ကျွန်တော်သည် ကိုယ့်နှုတ်ခမ်းကို ကိုယ်ကိုက်ကာ ကိုယ့်မာနကိုဇွတ်အတင်း သိုသိပ် သူမကို ခပ်ငေးငေးလေး ချစ်နေရချိန်များလည်း ရှိကြောင်း ၀န်ခံချင်ပါသည် ။
ဟုတ်ပါသည် ၊
"အချစ်ဆိုသောအရာတွင် ကိုယ့်အတ္တကို ထိန်းသိမ်းမြေမြုပ် သူ့အတ္တကို လိုက်လျောပေးလိုက်ရတက်သော အကြောင်းအရာတစ်ချို့ ရှိကြောင်း "သူမနှင့် ချစ်ခဲ့ပြီးမှ ကျွန်တော် အံ့သြတကြီး သိခဲ့ရပြန်ပါသည် ။
သူမ အပြောများသော စကားလုံးများမှာ “မောင့်ကို ချစ်တာသိလား” နှင့် “မောင်က ဘာလို့ချစ်တာလည်း” ဟူသော စကားလုံးလေးများ ဖြစ်မည်ဟု ထင်ပါသည် ။
ဟုတ်ပါသည် ၊ သူမသည် ကျွန်တော့်ကို “မောင်” ဟု ခေါ်တက်ကြောင်း မပြောပြရသေးပါ ၊ သူမက ကျွန်တော့်အတွက် မြတ်နိုးစွာ ချီးမြှင့်ပေးသော နာမ်စားလေးမှာ “မောင်” ဟုတ် ဖြစ်ပါသည် ။
ထိုနာမ်စားလေးကို သူမနှုတ်မှ ထွက်ချိန်တိုင်း ကျွန်တော့်အတွက် ချိမြလှပြီး “မောင့်ကိုချစ်တယ်” ဟူသော စကားစုလေးသည် ကျွန်တော့်ဘ၀ နေ့စဉ်လိုအပ်ချက် ဖြစ်ကြောင်း သူ့ကို ပြောပြဖူးပါသည် ။
သူမက “မောင့်ကို ချစ်တာသိလား” ဟု မေးသောအခါ ကျွန်တော့်အဖြေမှာ “သိတယ်” ဟု ဖြစ်ပြီး
“မောင်က ဘာလို့ချစ်တာလည်း” ဟု မေးသောအခါ ကျွန်တော့်အဖြေမှာ “မသိဘူးလေ” ဟူ၍ ဖြစ်နေခဲ့ပါသည် ။
ကျွန်တော်သည် “သိတယ်၊မသိဘူး” နှစ်လုံးသာ ဖြေတက်သူမဟုတ်ပါ ။ ကျွန်တော့ကို သူမချစ်ကြောင်း ကျွန်တော်သေချာသိသော်လည်း ၊ ကျွန်တော်သူမကို ဘာကြောင့်ချစ်နေမိမှန်း လုံးဝမသိပါ ။
သို့သော် သူမကို ကျွန်တော်ချစ်နေမိကြောင်းကိ
သူမကို ကျွန်တော်က “မောင့်ကို ဘာလို့ချစ်တာလည်း” ဟု မေးသောအခါတိုင်း သူမအဖြေသည်လည်း “မသိဘူးလေ” ဟု ဖြစ်ကြောင်း သိရလျှင် အချို့လူများအတွက် အထူးအဆန်းဖြစ်နေမည်လား ကျွန်တော်မတွေးတက်ပါ ။
ကျွန်တော်သူမကို လွမ်းနေရပါသည် ။
သူမအတွက် ပုံပြင်ဖတ်ပြပေးရသော ညအချို.၊ ကျွန်တော့်လက်ကို မ၀ံ့မရဲ ဆုပ်ကိုင်၍ လျှောက်သွားကြစဉ် ခဏငယ်များ ၊ ကျွန်တော်တယုတယသုတ်ပေးခဲ့ဖူ
ကျွန်တော် လွမ်းလှပါသည် ၊
သူမလည်တိုင်မှ မှဲ့သေးသေးလေးသည် ကျွန်တော်ဖြစ်ကြောင်း မှန်ကြည့်တိုင်း သူမသိပါလိမ့်မည် ၊
ထိုထပ်ပိုပါလျှင် သူမသွေးကြောလေးများ တထုတ်ထုတ် တိုးတိုင်း သိပါလိမ့်မည် ၊
သူမ၏ မနက်ခင်းအတော်များများတွင် ခေါင်းငုံ့ပေးခွင့်ရသူမှာ ကျွန်တော်တစ်ဦးတည်းဖြစ်ကြေ
သူမ၏ မျက်လုံးလေးများ မှိန်ဖျော့နေတက်သော်လည်း ကျွန်တော့်ကို သူမသည် နူးညံကြည်လဲ့စွာ ငေးနေတက်ကြောင်း ကျွန်တော်တို့နှစ်ယောက်သာ သိပါသည် ။
အခြားသူများ သိရန်မလိုပါ ၊ ကျွန်တော်သူမကို လွမ်းနေရကြောင်း သူမသိလျှင် ကျွန်တော်တိတ်တိတ်ကျိတ်ကာ ပျော်မိပါသည် ။
သူမ၏ ချွဲ့နွဲ့သံလေးကို ကျွန်တော်ကြားလိုလှပြီ ဖြစ်သည်။
သူမ၏ ငှက်ကလေးများ ကောင်းမွန်စွာ ရှင်သန်နေကြောင်း.....
သူမ၏ အခန်းထောင့်တွင် ကျွန်တော်အမြဲလို ခိုကပ်ရှိနေတက်ပါကြောင်း...
သူမ၏ အခန်းကျဉ်းလေးထဲတွင်
ကျွန်တော်တစ်ယောက်တည်း ငေးနေမိပြန်ကြောင်း .......
April 14
No comments:
Post a Comment