ပြန်လမ်းမဲ
့ အိတ်ခွံတစ်လုံး ဟာ အနာဗရပွနဲ့ 
သူခေါင်းကိုက်နေတယ် တဲ့ 
စိတ်မကျန်းမာလို့  တဲ့ 
နှုတ်ဝ
ပျားစွဲ
ဒီပင်လယ်အဆိပ်လူးခံရ
ချွေးစက်
ပြဋ္ဌာန်းချက်အတိုင်းဆို ကံကိုကခေနေဆဲ
ငါဆိုတာ
အဆစ်အချိုးများတဲ့  ရင်ခွင်ပိုက်ကလေးပါကွယ်
မှန်လို
့လဲမမှန် နိုင်
မှားလို
့လည်းမမှန်နိုင်လွန်းတဲ့  အပုပ်ကောင်ယဇ်ပါကွယ်
ဖားတုလို
့ခရုမခုန်ခဲ့ လဲ အဲ ဒီအိုင်ကနောက်ကျိသွားခဲ
့
ခေါ်ကြပါပြီ
ငါ့လျှိုကလေး
ခက်ဆစ်အမာစားတွေစားစားမိတော့ ကမ်းပါးပြို
မိကောက်ရေ
ငါလုပ်သမျှ
ဟာ တိုက်ဆိုင်
တိုက်ဆိုင်လာသမျှ
ဟာလည်း ငါလုပ်
နံရံကိုဒီတိုင်းလေးထား
ဘယ် … (ဂျောက်ဂျက်သံဖြင့်)
ပြန် ညာ
ပြန်ရိုက်ခံရတဲ
့နံရံ
ထုံးဖြူသုတ်တဲ
့ အုတ်ဂူလောက်နူးညံ့ ပါသလား
ငါ့ပါး မတန်ဘူးပေါ့နော်
ဆက်ထုံးမြဲတဲ
့ရပ်ဝန်းလေးပေါ့ မိကောက်ရယ်
စိတ်ဝင်တစားစောင့်ကြည့်ခံ
ပုဂ္ဂိုလ်များများ
ခြံစည်းရိုးမဖျက်ချင်ဘူး
စိတ်ကူးတွေ
မျှော်လင့်ချက်တွေ
အိပ်မက်တချို
့တစ်လေတွေ အချောမသတ်ရသေးဘူး
အချောမသတ်ရသေးဘူးဆိုတာ
မချောမောလို့ များလား
ရှုခင်းကောင်းတယ်တဲ
့ရှင့် 
မိုင်တိုင်တွေ
နောက်ကျောမှာ ကပ်ငြိ
ဘာမှလဲမဟုတ်ဘူး
ဘာမှလဲမရောက်ဘူး
ဘာမှလဲမရောက်သွားဘူး
လေးထောင့်ကွက်ထဲက
မလူးသာ မလွန်
့သာ
မသက်မသာ
မသာ
Sharon
5 . 11 . 2012 4:44 pm
No comments:
Post a Comment