Thursday, December 26, 2013

ဘ၀ဟာ အချို ယောင်ဆောင်ထားတယ် .. စင် ..

စင်… ဆေးထိုးခံလိုက်နော် ဒါအစပဲကွဲ့  ကျော်လွှားခြင်းသင်ခန်းစာတွေ ဆုတောင်းစကားကလေ ဆုတောင်းစကားလေးတွေကလေ မျှော်လင့်ခြင်းသီးပွင့်တွေရယ် မင်းဘာကြောင့်အချိုကြိုက်ရတာလဲ တင်းတင်းလေး မာမာလေး ပဋိပက္ခ သန္ဓေတည်လာပြန်တော့ “ မီးကိုမီးဖြင့်ငြိမ်းရန် ” မကောင်းတဲ့ အကျင့်ကောင်းတွေ တွေတိုးပွားပါစေ တိုးတိုးသာတိုး မြင်းမျက်လုံးကိုဘာကြောင့်ဖုံးထားတတ်ကြသလဲယင်ဥတွေကြောက်လို့  အရွယ်ရောက်သူရဲ့ ဆုတောင်းခြင်းအဖြေကဘာကြောင့်ကြန့် ကြာနေတတ်သလဲ အပြစ်ကြီးလို့ (ဟုတ်လို့ လားဟယ်) ချစ်ခြင်းမေတ္တာသည် နည်းလမ်းရှာပြီး ရွာလည်လာခြင်းပဲ သွားကြားထိုးတံဘ၀နဲ့ မင်းချွေးသိပ်ပေးခဲ့ သလား…စင် ဒါနဲ့ ခုတလော ဆိုဖာ အကြောင်း အိပ်ယာခင်းအကြောင်းသိပ်မညည်းတော့ဘူးနော် သေချာမှုကိုသေချာတဲ့ အသိနဲ့  မသေချာမှုကိုမသေချာတဲ့ အသိနဲ့ နေထိုင်တတ်၇တယ်ဟုတ်လား ပဲ့တင်သံက တိုလွန်းနေသေးတယ် စင်ရယ် ပြီးတော့ တိုးလွန်းတယ် ဘ၀ကြမ်းကိုချုပ်ထည်တွေလို စက်ထဲထည့်ထည့်နင်းပစ်ကြစို့  မကြီးမငယ်နဲ့ ဆပ်ပြာတိုက်မနေနဲ့ တော့လေ ပေါင်သားတွေကဖွေးပြီးသား အရေပြားရောဂါကကုလို့ ရပါတယ်ကွဲ့  မညာပါဘူး နို့ … ငွေဆိုတာ ဘယ်လို ဗီဇသြဇာတွေများ ရှိလို့ တုန်းစင် ရဲ့  သူ့ နောက်ကောက်ကောက်ပါသွားတယ်ဆိုတော့ကာလေ ဒါနဲ့ …… ဆေးသောက်ချိန်ရောက်ပြီ စင် .. ထနော် ထထ ပြောမှသိတာကမှအသိမှန် ထိမှနာတာကသရုပ်မှန်တယ်ဟုတ်လား ဓါတ်မှန်ပေါ်ကပုံရိပ်ကမှအမှန်တရားပါ ဓါတ်ခွဲခန်းကသွေးအဖြေတွေကမှသရုပ်မှန်တာမဟုတ်လားစင်ရဲ့  သူတို့ ကိုပိုးမွေးသလိုမွေးလာတာ ဟုတ်စ ? ရောဂါပိုးတွေကိုတော့မမွေးနဲ့ နော် လှေနံဓားထစ်မယုံရဲ လို့  လှေနံနှစ်ဖက်နင်းခဲ့ တာတဲ့ လားစင် နောက်နေ့ တွေမှာဈေးတက်သွားမှာစိုးလို့ ရရာဈေးနဲ့ တန်ဖိုးဖြတ်(ခံ)ခဲ့ လိုက်သတဲ့  အရင်းမပြုတ်ပေမယ့်တည်ကြက်ဖြစ်ခဲ့ ရတာလား စင်ရယ် ရူးလှချေလား စူးလှချေလား ခေါင်းကိုက်စေတာက မည်သူမပြုတဲ့ မိမိမှု မဟုတ်ပါဘူးကွာ လူတွေကမိကျောင်းတွေလိုပါးစပ်ကြီးပြဲပြီး ပုတ်သင်ညိုလိုအရောင်ပြောင်းတဲ့ လိပ်တွေ ဟော… အကျိအချွဲတွေ ထွက်လာပြန်ပြီ ခဲဖျက်ယူမလားစင် ? တစ်သျှူးယူမလားစင် ? အစာစားချိန်ရောက်ပြီစင်… အရည်သောက်ရောပါချင်သေးလား ? စားနော် ၀အောင်စား (ထား ) .. နှုတ်ခမ်းတွေကို zip မထားနဲ့  ပုံပြင်တွေကိုမုန်းတယ်မဟုတ်လား ..ပုံမပြောတော့ဘူးနော် ကျမ်းစာဖတ်ကြတာပေါ့ မငိုနဲ့ စင် ..ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဆိုတာခံယူတတ်ဖို့ ကောင်းတဲ့ ဆုလဒ်ပါကွယ် လက်တွေ တအားဖြူလာတာပဲ နှုတ်ခမ်းတွေရောပေါ့ မလှဘူးလား အင်း…… လှတော့လှတယ် နှုတ်ခမ်းနီဆိုးမလားစင် အင်း …. ဟုတ်တယ် ဒါကအပေါ်ယံခြယ်သမှုပေါ့စင် ခေတ္တတော့ အဆင်ပြေစေတယ်လေ အင်းလူ့ စိတ်တွေလိုပေါ့ ဟုတ်တယ် ဟုတ်တယ် စိတ်နာတယ်မဟုတ်လားစင် ဘာကိုဘာလို့  ခက်တာမှတ်လို့ ကွယ် အင်းအင်း အထီးဆို ရင် ထီးတောင် ဆောင်းမပေးတော့ဘူး ကတိပါ ကတိ စွန့် ပစ်ထားတာမဟုတ်ဘူးလေ စင်ရဲ့  သူတို့  မျက်ကွယ်ပြု သွားတာထင်တယ် ဘယ်သူဘာပြောပြော ကိုယ့်သွေးသားနဲ့ ကိုယ့်ရှင်သန်ခြင်းနဲ့ ကိုယ်နေကြရှင်ကြရတာ အရိုးနဲ့ အရေ တဲ့ လား ကိုယ်ရေစစ်လာတာနေမှာစင်ရဲ့  စိတ်ဓာတ်မကျနဲ့ နော် အချိန်လား ? နာရီတွေ ကိုမေ့ထားကြမယ်လေ စင် .. နောက်ဆုံးဆိုတာလည်း အစတစ်ခုခုဖြစ်နေမှာပေါ့ … ဟုတ်တာပေါ့ အချိန်ဆိုတာနောင်တရဖို့ တစ်ခုအတွက်ပဲစောသင့်တာ မြေကွက်လားစင် ၀ယ်ထားပြီးသားလေ အဆင်သင့်ပဲ သေတမ်းစာလား ???? သွေးသားလည်ပတ်နေသ၍ခဏငယ်လေးမေ့ထားစေချင်တယ်စင် ဒါကကာလတွေရဲ့ ယာယီစားသုံးခြင်းတွေပါ စင်ပြောပြောနေတဲ့ ဖားတွေလေ ကဲပါစင် ဖြစ်တာပျက်တာကို ခဏမေ့ထား လိုက် ငွေပုံပေါ်ကို ပုံ့ ပုံ့ ကလေးကျသွားဖူးတာခဏမေ့ထား ဥပေက္ခာတွေ ကရုဏာတွေကိုလည်းမေ့ထား ခေါင်းကိုက်တာမေ့ထား အရေပြားယားယံတာကိုမေ့ထား ပိုးမွှားတွေကိုမေ့ထား နာရီတွေ မိနစ်တွေ စက္ကန့်တွေ မေ့ထား မေ့ ၀ိညာဉ် စိတ်ကိုမေ့ထား မငိုပါနဲ့ စင် ..... စိတ်မကောင်းလည်းမဖြစ်နဲ့  ဆေးသောက်လိုက်ဦးစင် ရော့ ရော့ ဒီမှာ … Happy Pills တဲ့  ရှာရွန် 27 .9 .2012 1: 14am

။ ။ ( မ ) ဟုတ်တာ ကိုပဲ ဟုတ်နေရတာ ကိုက ဟုတ် သလိုလိုနဲ့  ( မ ) ဟုတ်ဘူးလား မသိ ။ ။

ဟစ်အော်သံကို လက်ဆွဲခေါ်ကြည့်မိတယ် မရနိုင်တော့တဲ့ နွံ အလွန် အကျွံ လက်တွေ့ နဲ့ အိပ်မက် တွေ ကြား မိုင်တွေ ဘယ်လောက် ခြားစေ (ခဲ့ ) သလဲ ယုံကြည် ဆွဲ ညှို့ တိုက်စား အတ္တ ဆက်ထုံး နည်းနည်း ဖြည်ကြမလား အချိန်တွေ အချိန် တွေ ဝေး…ဝေး…. ဝေး… နိုင်လွန်း ပိုးထိုးတာမစားနဲ့  ပိုးထိုးစာတွေ မစားမိစေနဲ့  မဟုတ်ဘူး ပြန်ပြင်ပြောမယ် ပိုးထိုးတာကို စားပါ…. ပိုးထိုးစာတွေ ကို ရွေး စားပါ ..အဲဒါပိုးသတ်ဆေးကင်းစင်တယ် ပိုးသတ်ဆေးတွေ ကပိုးတွေ ကို သေစေတယ် မှားသေးတယ် ပြန်ပြင်ပြော ပိုးသတ်ဆေးတွေ က လူတွေ ကို သေစေတယ် လည်ကတုံးတွေ တိုက်ပုံအင်္ကျီတွေ 5 R အကြောင်းအာကျယ်အာကျယ်ပြောတော့ ကျွတ်ကျွတ် လေးတွေ ခိုးခိုးခစ်ခစ် ထရီ ( ရယ် ) ကြတယ် မြင်တဲ့ အရာနဲ့ ခြယ် သ … ဒါကမှ သဘာဝကျ တာ လူဟာလူဖြစ်လာရလို့ လူ့ တန်ဖိုးနောက် လိုက်နေရ … မော တယ် ကမ္ဘာ့အငတ်ဘေးကိုကာကွယ်နိုင်တဲ့ အစားအစာငါးမျိုး… တဲ့  ချောင်းကြည့်မိတော့ ဘုရားရေ အမေ့ ယာတော ကိုလွမ်းလိုက်တာ … ဗိုက်ပူပူ ကလေးတွေ အစာ မ၀ တာတဲ့  ..ဟာ …ဟုတ်လို့ လား ..ဟာ ဟုတ်တယ် နေလုံး ပူပူအောက် ဗိုက်ပူပူတွေ ထဲ ကအပူ လုံးတွေ ထွက် ကျ မျိုးဆက်ပြန့်ပွားရေး လိင်ပညာပေး သားဆက်ခြားခြင်း အိုဟုတ်တာပေါ့ အတ္တတွေအတွက်မျိုးဆက် မပွားသင့်ဘူး သူတို့ အမြင်တွေ သူတို့ အကြည့်တွေ သူတို့ အတွေးတွေ သူတို့ မျှော်လင့်ခြင်းတွေ မျက်ရည်စီးကြောင်းတွေ နောက် ကောက်ကောက်ပါအောင်လိုက် ကုန်ပြီ ငါတို့  ငါတို့  လိုက်သင့်လား ဟင့်အင်း မလိုက်သင့်ဘူး အင်း လိုက်သင့်တယ် ငြင်းမနေ နဲ့  မျက်ရည်အရင်သုတ် ပေးကြဦး ဆာလောင်ခြင်း ဒီရွေ့ လျားမှု ကြီး ပျော်ပျော်ကြီးစမ်းသပ်ခံ နေတယ် ရှုပ်ထွေးကုန်ပြီလား ကဗျာ .. ရှင်းရှင်းလေးပါရှင် နှုတ်ခမ်းရဲရဲ ပါးနီ ခြယ်တဲ့ အရွယ်လွန် ပြီ ရှင်းရှင်းပြောတာ အိုပြီ လာလမ်းတလျှောက် ဖြတ်လမ်း အို… မောရော့မယ် … ပူလောင်လှိုက်လွန်း လောက ကြီး အ၀ါရောင်သမ်း နေရောပဲ မျက်ရည်လည်ရွှဲ အဲဒီ ကွင်းပြင်တွေ သစ်လွင်လာနိုင်ပါစ နားရှိလျက်နဲ့ မကြားတဲ့ အသံတွေ မျက်စိပါသော်လည်း မမြင်တဲ့  မျက်ရည်တွေ စကားလုံးပေါင်း ၂၀၀ အရောက် ရုပ်သိမ်း (ခံ) လိုက်တယ် ကဲ ...... ကဗျာ ဆုံး ပြီ ခုပဲ စလိုက်ကြတော့ မလား …..???? sharon p.s ကဗျာခေါင်းစဉ်အား Mg Tay Lay မှ ပြုပြင်ပေးထားသည်

....... သီချင်းသံ ကို ချဲ့ လိုက်ပါ ကဗျာ ........

ဥပမာ ပေးတဲ့  ဥပမာတွေ ဥ(အနစ်) မပါတဲ့  ( ဥ )ပမာ အရိုးပေါ်အရေတင်နေတဲ့ စာလုံးတွေ … အင်း …. စာလုံးတွေရှည်နေရင် သူ (များ) မကြိုက်ဘူး ….. စကားသံတွေရောပေါ့ ထိခတ်မှုဖြန့် အခင်းမှာ ပွင့်ဖတ်နှစ်လွှာ ကခုန်လိုက်( ကြ ) ပူစီဖောင်းလို ရမက်တွေ ပွထ ဆန္ဒတွေ ပူလောင်လာရင် ရေပတ်တိုက်ပါ …ရေခဲ …. ရေ ရီရယ်လဇင်တွေထက် သရုပ်ဆောင်ဘယ်သူပိုကောင်းခဲ့ လို့ လဲ အရေပြားတွေလှီးဖြတ်ခံရရင် သွေးမထွက်သင့်ဘူးလား ဖိနှိပ်ခံရရင် တုန့် ပြန်မသင့်ဘူးလား ….ဆန္ဒတွေဆန္ဒတွေ …. စာ...ထဲ မှာပေါ့ ရှင် …. ဟာသ အဟာရ များများဖြည့် ထား .. ပြီး … စည်းလုံးပါ ..စည်းလုံးတာထက်စည်းလုံးပါ ငါတို့ .. အင်အားပြည့် နေဖို့ လို အပ်နေတယ်လေ ပါးပါးလေးပြုံးတာမြင်ရင် တောင် ပြန်မပြုံးပြဖြစ်တော့ဘူးရှင့်  အရှိန်ပြင်းပြင်းတည်ဆောက်သွားကြတာပေါ့ … ခွဲစိတ်ရန် လို ?? မလို ?? … စိတ်… အဲဒီမှာပေါ့ အနှစ်သာရဆိုတာ နောက်ကျောဓါး တစ်လက် လက်ပတ်နာရီတွေ ဆန်းဆန်းပြားပြား ကိစ္စပြီးနေတယ် ယုံပါ ဆံချည်တမျှင်စာမျှသာ ယုံ သိလား ? ပထ၀ီမြေကြီးက သွေးသား ( ခန္ဓာ ) တွေ ကို မျှား မျှား ခေါ်နေတာ မယုံဘူး … မဟုတ်ဘူးး ယုံချင်တယ် လို့ ပြောတာ အမှန်တော့ ယုံတယ် အချစ်ရေ…. အချိန် (သိပ်) မရှိတော့ဘူး ပျော်ပျော်ရွှင်ရွှင်နေရအောင် အချိန်သိပ်မရှိဘူး ပျော်ပျော် ရွှင်ရွှင်နေရအောင် အချစ်ရေ…… လိုအပ်တဲ့ ကုထုံးက အမြင်အာရုံပြောင်းလဲရန်လိုအပ်ကြောင်း ထွေးထုတ်လိုက် .. အမှောင်ဆုံးထောင့်မှာ တိတ်ဆိတ်ခြင်းတွေ သီဆို နေကြတယ် မှို တက်နေတဲ့ စကားတွေကြောင့်ပဲ မှို စွဲနေတဲ့ အတွေး နဲ့ မှို နံ့ ပြင်းပြင်းနဲ့  အမာရွတ် ပုပ်ပွ ခုတ်ပိုင်းဖြတ်တောက်ထားလိုက်တာ မြန်လွန်း ဆန္ဒ အတ္တ ရလိုမှု ရလို မှု အတ္တ ဆန္ဒ ချည်ခင် ကိန်းဂဏန်းတွေ သွေးပြန်ကြောအတိုင်း စီးဆင်း စီးမျော ရှုပ် အရာရာပုဝင်သွားစေ …စိတ် …ဘွမ်ဇိုင်းရာဇ၀င်လို စနစ်တကျ ပုဝင်နေတဲ့ စိတ် တမြေ့မြေ့ လောင်တယ်….ဟုတ်တယ် ရှက်စိတ် ..ပုပုဝင်သွား စိတ် အဲဒီထောင်ချောက်တွေ ချန်လှပ်ခံလူတန်းစားတွေထပ်မံ မိုက်မဲ ကဲ .. ငွေရှင်တွေ ကို ပျော်ရွှင်ခြင်းတွေ နဲ့ မျက်နှာသစ်ပြလိုက်ကြလေ … မိုးလည်းခေါင်တယ် ဆန္ဒတွေလည်းခေါင်တယ် သတိထားမိပြီလားး မရနိုင်တော့ဘူး…. ဆို တာ ဟာ ……. ငါက ဘာလို့ မျက်ရည်ကျကျနေတာလဲ မိုးရေထဲမှာ မြင်သွားပြီလားးး မမြင်လိုက်တာဖြစ်တန်ကောင်းပါရဲ့  လွယ် ကူတဲ့ အနာဂတ်အကြောင်းကိုတော့ မနေ့ ည ကအိပ်မက်ထဲ ထိုးထည့် သိပ်ထားလိုက်တယ် … မကြာခင် မီးပျက်တော့မယ်… ဘ၀မီးခွက်ကို ဆီဖြည့် ကြတာပေါ့ ကြင်နာဖို ့ ယုယဖို့  ချစ်ဖို့  လူသားဆန်ဖို့  ပကတိအခြေအနေ အရဆို နွမ်းကြေ လမ်းဆိုတာလျှောက်လှမ်းဖို့ ပေါ့ …. ထို့ ထက် တည်ဆောက်ပြုပြင်ဖို့ ကောင်းသောအရာ ဖြုတ်မချနဲ့  … အချစ်က ပုတ်သင်ညိုမဆန်တဲ့  အရောင်ပြောင်းလဲခြင်း ဒါတကယ်တော့အမှန်မဟုတ်ဘူး …… အမှန်က ကွက်လပ် သူစိမ်းဆန်ဆန်လဲကျခဲ့ ဖူးတဲ့ အရိပ် … သိပ်ဖြတ်နိုးရတာတဲ့ ဖိနပ်တစ်ရံပေါ့ အချစ်များး …အဲဒီသွေး စေးပျစ်သထက်စေးပျစ်လာ တခုခုရဲ့ အဆုံးဟာ ဘ၀အစ ဖြစ်မယ် လိုက်လို့ မမှီအောင် အရေပြားထဲမှာ ….. အို…… ငါဘာလို့ မျက်ရည်ကျနေတာလဲ … ဥပမာတွေ ပေးတဲ့  ဥပမာ တွေ အဲဒီ ကလေးကလေ ..သူ့ ကိုယ်သူ စနိုက်ပါသေနတ်သမားတဲ့  အထင်နဲ့  ထင်တာပြောရရင် မျက်ရည်တွေနဲ့ ပစ်ပေါက်ခံနေရတာနေမယ် ..ဒါလည်း အထင်(ထင်း) / သာ / ( သား ) နယ်နိမိတ်တစ်ခုကို နည်းနည်းစီ မြည်းစမ်းကြည့်ကြမယ်လေ လကိကောက်ဝတ်ထက်ကနာရီလေ …တတိတိ တတိတိ တတိတိ နဲ့  ဟာ…….. သစ်ရွက်တွေသိပ် ဖျော့တော့လွန်းနေပြီ …. ဖွဖွလေးတိုးတဲ့လေပြေကိုတောင်ကြောက်ရွံ့ တယ် တိုးတိုးဖွဖွလေးတောင် တိုက်မလာနဲ့  လေပြေ မြေကြီးကတော့ မြေသြဇာ ထုဆစ်ဖို့ စောင့်နေတယ်ရွက်ဝါ ငါ့ကိုယ်ငါ သစ်ရွက် လေပြေ ဥပမာ ဟုတ်တယ် ဒါဟာဥပမာ အဟာရတွေ ထပ်ဖြည့် ကြတာပေါ့ ငါတို့ အားဖြည့် ( ပြည့်) နေရမယ် သတ်မှတ်စံချိန်နဲ့ အညီ ခင်ဗျားချရေးကြည့်ပါ သူတို့ ပြောတာကတော့ ဒါဟာသေတမ်းစာအသေးစားတဲ့  သူ .. သင်…ကျွနုပ် ..သူတို့ ..သင်တို့ ..ကျွနုပ်တို့က ကဗျာ ဟုတ်တယ် အဲဒါ ကို လှလှပပရိတ်သိမ်းကြတာပေါ့ သွေးနံ့ မညှီစေနဲ့  ဘေးတိုက်လဲကျမှုမှာတောင် အဖြူသက်သက် စွန်းစေပါ လက်ညိုးထိပ်မှာတည်လာခဲ့ကြတဲ့  တနံတလျားရေရွတ်မှုဟာ ကဗျာ လေပြေဆိုတာ လူသတ်လက်နက်လို့  ဘယ်တုန်းကမှ…… ငါ ဟိုး အမှောင်ဆုံးထောင့်စွန်းမှာ တိတ်ဆိတ်ခြင်းတွေ တေးဆိုနေတယ်….. သီချင်းသံကို ချဲ့ လိုက်ပါ ကဗျာ …………… Sharon …………… 26 . 6 . 2012 .......... 1 :06 pm