လူဆိုတာတစ်ယောက်ထဲနေတာထက်နှစ်ယောက်တူတူနေတာကပို၍
စသဖြင့် အစချီလို့  အသံတွေကိုကြားလားအမေ …..
နံရံတွေကိုမေးကြည့်ပေါ့ကွယ်
ဒါဆိုသားအိမ်ထဲပြန်ဝင်ကြည့်လိုက်ဦးမယ်နော် …. အင်း ....
နွေးလိုက်တာအမေရယ်
လုံခြုံလိုက်တာ .....
အသက်ရှူသံမျှင်းမျှင်းလေးတွေနဲ့  ချော့သိပ်နေတာလား
သာယာလိုက်တာအမေရယ် သိပ်ကိုအေးချမ်းတဲ့သားအိမ်လေ
အိပ်မောကျချင်သေးတဲ့  အလှုပ်နိုးခံဘ၀ … မဟုတ်သေးဘူး အစဉ်တကျရှိလွန်းခဲ့ တယ်
ဒါ စိုးရိမ်ရေမှတ်လား မေးခွန်းတွေလိုဆိုအတိုလား အရှည်ကြိုက်လား
အနံ့ အသက် တွေ
အာနိသင်တွေ
အရောင်အသွေးတွေ အရည်အသွေးတွေ
အပယ်အဖြုတ်ခံ ငေါထွက်နေတဲ့ လှေကားထစ်တွေ ထူထဲစေးပျစ်လာတယ်
လေတွေမလတ်ဆတ်တော့ဘူး
သောက်ရေတွေမသန့် ရှင်းတော့ဘူး
မတင်စားနဲ့ လား မတင်စီးနဲ့ လား
အဟာရအလွန်မှာအသံကြိုးဟာတိခနဲ
ဓါးထက်ထက်ပေးကြပါ .. ရှက်ကြော ဖြတ်ပစ်ချင်လို့ ပါ
အမေ…. အဖေ… ခရီးထွက်တာအရမ်းကြာတယ်နော် သားအိမ်လေးကိုလိုက်ရှာနေတယ်တဲ့လေ
နံရံတွေအရမ်းတုန်ခါတာပဲ အမေ ….
မျက်ရည်လား သွေးစက်တွေလားဟင် ?
ပိုးကောင်လေးက ဘာသိနိုင်ဦးမှာလဲကလေးရယ်…
အမေ့လက်ဖ၀ါးတွေကကြီးလိုက်တာ
မင်းကငယ်လွန်းနေသေးတာကိုးကွယ်
ဖြစ်သမျှဟာပျက်ဖို့ လား ဖြစ်ထိုက်လို့ လား ပျက်သင့်လို့ လား
သေစေရှင်စေ ကုတ်ခြစ်နေမိတဲ့  ယဇ်
အသက်ဘယ်လောက်ရှိပြီလဲဗျာ … အကျိအချွဲတွေကြား သားအိမ်ကလေးနစ်နေခဲ
့တာကြာပြီ
ကြီးပြီပေါ့
ဒါဆို.. အင်း.....ကြီးပြီ အမေ့သားအိမ်ကလေးထဲမှာ ၀မ်းစာအပြည့်ရှိနေပြီ
လိင်ဆင်မဟုတ်လား
ဟင့်အင်း... ၀မ်းစာဖြည့်နေတာပါ
ပုံသဏ္ဍာန် တိုးတက်မှုက
မြင့်မားလာပါပြီ
အမေ့သားအိမ်ထဲက ဆုတောင်းနေလိုက်တယ်
ဘုရားသခင်…….. မှတ်ညဏ်တွေကိုဖျက်ဆီးပစ်ပါ
အတ္တပိုးတွေ တရွရွ
အသက်ရှူရတာမွန်းကျပ်လိုက်တာအမေရယ်
သားအိမ်ထဲမှာကိုင်းဆက်ကူး နေကြတာလား ဘာလုပ်နေကြတာလဲ
အနေအထားတွေအတွက်အပိုပစ္စည်းလိုအပ်လို့ လား လိုလို့ လားဗျာ
ခုထိနားဝေတိမ်တောင်ကြောင်တောင် နှိုက်ကာနှိုက်ကာ
ထိုထိုသော သောက မောဟတွေ မွေးဖွားလာပြန်ကြဦးမလား
ဖော်မာလို အင်ဖော်မာလို အထင်ကရ ပြစ်မှုကျူးလွန်နေကြပြီအမေ
သားအိမ်ထဲမှာ မနေရဲတော့ဘူးအမေ သားအိမ်ထဲမှာမနေရဲတော့ဘူး
လွတ်မြောက်ခွင့်က ၀င်လိုက်ထွက်လိုက်နဲ့ 
ပိုးကောင်လေးရဲ့ အဆုံးသတ်ကရွေးချယ်ခံမှုမှာသက်တမ်းအတိုဆုံး
မုန်လုံး စက္ကူကပ်ကပ်သလိုသားအိမ်လေး လုံးထွေးရှုပ်ခံ
ချုပ်ရိုးဖြုတ်ရမယ့်ရက်တွေလည်းအခါခါ
တစ်ပင်လဲတစ်ပင်အထူမှာ
တည်ဆောက်ခွင့်မဲ့ သေမှုမဲ့ ရှင်မှုမဲ့ 
အမေ… သားအိမ်နံရံတွေ ပါးပါးလျလျ ယိုင်နဲ့ နေပြီ
ဧည့်သည်ဆိုတာ အချိန်တန်အိမ်ပြန်ရိုးထုံးစံတဲ့ 
သူတို့ ပျော်ရွှင်တဲ့  မပျော်ရွှင်တဲ့ အရေး
သူတို့ တောင်းခံမှုနဲ့  ထိုးအပ်ခံဘ၀အရေး
သူတို့ ရဲ့ လွတ်မြောက်မှုခေါင်းစဉ်အရေး
ဆွဲဆွဲငင်ငင်အူတတ်တဲ့ လူတွေရဲ့ ရမ္မက်အရေး
ဖန်ခွက်တိုက်သံတွေကြားသားအိမ်ကလေးဖျက်ဆီးခံရတော့မယ်အမေ
နွားခြေရာခွက်ပေမယ့် ပိုးကောင်လေးအတွက်ကမ္ဘာတစ်ခုပါအမေ
သားအိမ်ထဲမှာတန်ဖိုးကြီးအသက်တွေ
သားအိမ်ထဲမှာတန်ဖိုးကြီးအိပ်မက်တွေ
သားအိမ်ထဲမှာ အပြစ်မဲ့ ဆုတောင်းသံတွေ
သားအိမ်ထဲမှာ ကြီးမားတဲ့ အနာဂတ်တွေ
သားအိမ်ထဲမှာ အနုပညာရှင်တွေ
သားအိမ်ထဲမှာ သက်ဝင်ယုံကြည်မှုတွေ
သားအိမ်ထဲမှာ တေးသီချင်းတွေ
သားအိမ်ပေါက်ဝမှာ ဆန္နတွေအ ပြွတ်လိုက် သီးပွင့်နေကြတယ်အမေ
သားအိမ်ကလေးပေါက်ဝမှာ တမျှော်တခေါ် မျှော်လင့်ချက်တွေ ပြူတစ်ပြူတစ် မော့ကြည့်နေကြတယ်
လူတိုင်းမှာပင်လယ်ရှိတယ်ဆို ? ရေငတ်လိုက်တာအမေရယ်
p.s >> သားအိမ်ထဲမှာနှီးနှောတန်ဆာပ(ဗ)လာအမေများအား ရည်ရွယ် သလိုလို
စင် ... သို့ ရည်ရွယ်သလိုလို
_____ sharon ____
9:39 AM
10/2/2012
9:39 AM
10/2/2012
No comments:
Post a Comment