လည်ပတ်နေတဲ့  သဒ္ဒါ တွေ ထဲ ခုန် ဆင်း လိုက်မယ်
စိတ် ကို အဆုံးထိ ဖွင့်ထား ….. ကြားလား … ဟုတ်
ရိုးသားမှု = ၁၀၀ % = ၀% = ၁၀၀%
သိတတ်မြင်တတ်မှုမှာ
သူသူ ငါငါ ရဲ့ ပေါ်ပျောက်အင်္လကာနမိတ်ပုံ အသေတွေ
အကြိမ်ကြိမ် ဝေ အကြိမ်ကြိမ် ကြွေ ခဲ့ 
စုံမှိတ် ပြီး ရေရွတ် .. ခုထိ… ဘယ်မှာလဲ .. ကျစ်လစ်သံစဉ်ချို
မြင်သမျှ ကြားသမျှ ဘ၀တွေဟာလေ အနာဖေးတွေ အဖတ်လိုက်
လူသတ်မှုတစ်ခု ကိုကျူးလွန်လိုက်မိတယ်
သေဆုံးသူ အမည် >> အတ္တ = လူ + လူ = အတ္တ
အဖြူအမဲထဲက နိုးနိုးချင်းပဲ နေရောင်ကောက်ဖို့ သွားခဲ့ တာ
မြန်မာ့စံတော်ချိန် မနက် ဆယ်နာရီ လေးဆယ့်လေး
သြော် …ဒါလား … အဲဒီတုန်းက … အင်းး
လေထု ထဲက ကောင်းမြတ်ခြင်းတွေစီးမျောလာတဲ့ အချိန်လေးပေါ့ ထုံးတမ်းစဉ်လာဝင်ပေါက်တွေပိတ်ထားလိုက်
မယုံဘူး … အခင်းအကျင်းတွေသိပ်ကို လှပ လွန်းရင် မာယာပဲ
တိုက်စားလွန် တိုက်စားလွန်း တိုက်စား လွန် လွန်း တာ
အချစ် ဖတ်စာ သင်ခန်းစာကျေပြီလား ကွယ်
ဆီဘယ်လောက်ဖြည့် ဖြည့် အဲဒီမှန်အိမ်ဖျော့တော့လွန်းနေဆဲ
တိုးတိုးဖျော့ဖျော့ အသက်ရှူသံလေး နားစည်ကိုထိခတ်
အိုး…. ဒါအိပ်မက်မဟုတ်ဘူးကလေးရယ်
လောင်ကျွမ်းမှု အခင်းအကျင်း တရိပ်ရိပ်ပြေးလွှားနေပုံများ
သေခြင်းတံခါးဝမှာ တရွေ့ ရွေ့  လူးလွန့် 
ဒါကအမှန်လား .. အမှန်တော့ ခရီးလမ်းမှာခေတ္တခဏတွေ့ ဆုံခြင်းပဲ
ရောင်းတမ်းမဟုတ် ပုပ်သိုးကုန်မယ် ဆုံးရှုံးကုန်မယ်
ပြေးရင်းလွှားရင်းထာဝရတရားရဲ့ အရိပ် တဖက်မှာ
ရယ်မောဖိုမေ့နေတဲမြူမှုန်ဟာ…ငါပေါ့
သြော်..ရုပ်ပုံလွှာသက်သက် ဆိုတာ ကိုယ်မိမိဖျော်ဖြေ ( လိမိလည် )ရန်
မနက်ဖြန်တိုင်းကို … မင်္ဂလာပါ … လို့ စတင်ချင် (သေး)တယ်
ညတွေတိုင်းကို အိပ်မက်ချိုချို အဖြစ်မက်ချင်(သေး)တယ်
ရပ်… အကုန်လုံး…. ရပ်
သက်ရှိ … သက် မဲ့ …. အကုန်လုံး..ပကတိ ငြိမ်သက်
အခြေအနေက ဘယ်အရပ်ဒေသဆီအဆုံးထိသက်ရောက်ခဲ့သလဲ
Hello !
မ သေ ပဲ ဆုံး ခဲ့ တယ်
sharon
8 .7.2012 13:37 am

No comments:
Post a Comment