Sunday, December 30, 2012

မြောက်အရပ်၌

ကုန်လွန်ခဲ့ သောနှစ်ပေါင်းများစွာ ဖြစ်စေ
နည်းစွာဖြစ်စေ  အနာဂတ်ကို စိုးကြောက်
သံသယတွေကို ရင်ဘတ်ထဲထိုးထိုးထည့်ခဲ့ မိ၍က                               
စပြီး ထိုသူနည်းတူချစ်တတ်ရန် မစ စေချင်  ။

ကျွမ်းလောင်ခံ ၀ိညာဉ်တွေရဲ့ အသံ
နဲ့  ကလီစာတွေကိုအိပ်မက်မက်တယ်
သင်၏မျိုးရိုးဇာတိ၌  ဘိုးဘေး ဘီဘင် အဖေအမေ တစ်ဦးသည်

“ ပြည့်တန်ဆာ  
 ပုန်ကန်သူ
 စစ်သွေးကြွ 
အလိုတော်ရိအားနေအိမ်ထဲဝှက်ထားဖူး
 အာဏာပိုင်များအားလိမ်ညာလှည့်ဖျားသူ ”    ဟု 

မျိုးရိုးအကြောင်းဖော်ပြချက်ကို တွေ့ ရှိလက်ခံလိုက်ရသည်ဆိုပါစို့ 
ပိတ်ရိုက်ခံရမလား ရိုးသားရမလား သေဆုံးရမလား.... ပူ 
ပူပန်ပန် ဒိုင်ယာလော့ခ်တွေ ပန်းကျ
သူတို့ အမှန်တကယ်    နေ၀င်တော့မည် ။
ကျွန်မတို့ သည် မိမိအသက်တာနဲ့  ဘ၀ဇတ်လမ်းများစွာရေးသူများဖြစ်တယ်   ။
ကျွန်မသည်    Quaker ဟုတ်ဟုတ်မဟုတ်ဟုတ်
အကြမ်းဖက်မှုနဲ့  စစ်ကိုခိုင်မာစွာ ဆန့် ကျင်လိုသောကြောင့် လက်နက်သယ်ဆောင်ပေးရန်တာဝန်ယူခဲ့ သည်။ ဒါက

“ ချစ်ခြင်းမေတ္တာကိုယ်ချင်းစာတရား ” 

သေကြတယ် ကြေကြတယ်  (ကျွန်မ မြင်နေရတယ်)                      
အားလုံးသို့ ပျံ့ နှံ့တည်ရှိရန်လိုအပ်ကြောင်းက

 “ စစ် ”
 “ ရပ် ”

အနှေးသွားမလား
အမြန်သွားမလား
တက်မလား
ဆင်းမလား
ထိန်းချုပ်မှုမဲ့ ဂီယာ များစွာ
လမ်းမသိပဲလမ်းညွှန်နေရသည့် အကြောက်တရားသည်  ။
မြေကြီးထဲက သွေးစက်တွေ  (ထင်တာထက်ပို) ကျန်းမာနေတုန်းပဲ
မြောက်ပိုင်း သည် ကျန်းမာနေဆဲ
တောင်လေပဲတိုက်တိုက် မြောက်လေပဲတိုက်တိုက်


“ ခြံစည်းရိုးတိုင်အသစ်တွေလဲပါ ။  ခြံခတ်ခံရသူတွေအုံကြွလာရင် ”  



သင်၏ခြေကိုချော်စေခြင်းငှါအခွင့်ပေးတော်မမူ ။
သင့်ကို စောင့်သော သူသည်အိပ်တော်မမူ  နေ့ အချိန်၌ နေအားဖြင့် လည်းကောင်း  ၊
ညအချိန်၌လအားဖြင့်လည်းကောင်းအထိအခိုက်မရှိရာ။               
ထာဝရဘုရားသည်
မကောင်းသောအမှုအရာအလုံးစုံတို့ ကို
ကာကွယ်၍ ၊ သင်၏အသက်ကိုစောင့်တော်မူလိမ့်မည် ။
 (ဆာလံကျမ်း ၁၂၁ : ၃ ၊ ၇  )



p.s  => ဒုက္ခတွေ  ဖိနှိပ်မှုတွေ  ကို  ကြံကြံ့ ခံပြီး   

          အမှန်တရားအတွက်မျိုးစေ့ကြဲခဲ့  ကြဲဆဲ ကြဲနေဦးမယ့် 
           
          ကျွန်မ၏သွေးချင်း ကချင်လူမျိုးစု  အတွက်  ဂုဏ်ယူလျှက်

No comments: